ခရမ်းမြို့အတွင်း ကွန်ကရစ်လမ်းများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ခရမ်း ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခရမ်းမြို့တွင်းရှိ ကွန်ကရစ်လမ်းများအား အဆင့်မြှင့်တင်ခြင်းဖြစ်သည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံး ငွေရင်း အသုံးစရိတ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းများမှာ ခရမ်းမြို့တွင်းသို့အဝင် မြေနီလမ်းအားအရှည်ပေ ၁၄၄၀ ၊အကျယ် ၂၂ ပေအားခွင့်ပြုငွေ ၄၃.၄ သန်းဖြင့်လည်းကောင်း၊ ကျောက်တိုင်လမ်းအားအရှည်ပေ ၁၈၂၀၊အကျယ် ၂၉ပေအား ၇၃.၃၂သန်းဖြင့် လည်းကောင်း၊ဘုရားလမ်းအား အရှည်ပေ ၁၅၀၀ ၊အကျယ်၂၉ ပေအားခွင့်ပြုငွေ ကျပ်သန်း ၆၀.၄၃ကျပ်သန်းဖြင့်  လည်းကောင်း ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိရာ ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးမိုးကျော်၊ မြို့နယ်အင်ဂျင်နီယာ ဒေါ်ကောင်းမြတ်မွန်နှင့် တာဝန်ရှိသူများက နေ့စဉ်ကြီးကြပ်၍ ၊လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများအရည်အသွေးပြည့်ဝ၍ အချိန်မှီပြီးစီးရေး၊ စံချိန်၊ စံညွှန်းများပြည့်ဝစေရေး၊ အလေအလွင့် နည်းပါး စေရေးကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)