ဘူးသီးတောင်မြို့၌ အားကစားအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကျင်းပ
Jul 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ အထက(၂) ကျောင်းတို့ ပူးပေါင်း၍ ယနေ့ နေလယ်(၁၂) နာရီအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ အားကစားအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေ့ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဦးစိန်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ဘူးသီးတောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်ဥမ္မာသန်းမှလူငယ်နှင့် ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်အသီးသီး ဟောပြောခဲ့သည်။