သတင်းများ

မချမ်းဘော့-ကောင်းမှုလုံ-မန်နို-ပန်ဆပ်လမ်းပေါ်တွင် ဇော်ကန်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်မှုလုပ်ငန်း (၅၅)ရာခိုင်နှုန်းခန့် ပြီးစီး
Feb 17,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် မချမ်းဘော့-ကောင်းမှုလုံ-မန်နို-ပန်ဆပ်လမ်းပေါ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဇော်ကန်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်လျက်ရှိရာ ယခုအခါ လုပ်ငန်းစီမံကိန်း (၅၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Feb 17,2023
တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်
Feb 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှါးရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပလောက်နယ်မြေ မီးသတ်စခန်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ရုရှား-မြန်မာဆက်ဆံရေးအထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများ ပြသ
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတု ရုရှား-မြန်မာဆက်ဆံရေး အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ ‌နံနက်ပိုင်းကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ် ပြဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကျင်းပ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးဌာနတွင် ကျန်မာရေးဝန်ထမ်း ဆရာ/ဆရာမများအား ယမန်နေ့နံနက်(၉)နာရီအချိန်က မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း ဆင့်ပွားသင်တန်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့တို့ ဖားအောက်ဆရာတော်ဘုရားကြီးအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် လှူဒါန်းဆပ်ကပ်
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ ဖားအောက်တောရကျောင်းသို့ အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် ဇနီးတို့ ယမန်နေ့ နေ့လည်ပိုင်းက ရောက်ရှိခဲ့ပြီး ဖားအောက်ဆရာတော်ဘုရားကြီးအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် လှူဒါန်းငွေများအားလည်းကောင်း၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ ယာယီသမ္မတ ဦးမြင့်ဆွေနှင့်ဇနီးတို့မှ လှူဒါန်းသည့် လှူဖွယ်ပစ္စည်းများအား က်ိုယ်စားအနေဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ဈေးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးဆိုင်များအားကွင်းဆင်းစစ်ဆေး
Feb 17,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၄)မိုင်ဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင်သင်တန်းများဧပြီ ၁ ရက်နေ့၌ဖွင့်လှစ်ပေးမည်ဖြစ်
Feb 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အမှတ်စဉ်(၈/၂၀၂၂-၂၀၂၃) သင်တန်း ကို ဧပြီ ၁ ရက်နေ့တွင် ဖွင့်လှစ်မှာဖြစ်ကြောင်းသိရသည်။