သတင်းများ

မိုးကောင်းမြို့နယ်၌ ပြည်သူများအသိပညာဗဟုသုတ တိုးပွားစေရန် (၇၅)နှစ်မြောက် မြန်မာ-ရရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ
Feb 17,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကို မြစ်ကြီးနား-မန္တလေး လမ်းမကြီးပေါ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နံနတ် (၉) နာရီခွဲတွင် ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။
မံစီမြို့နယ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Feb 17,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို ဖေဖော်ဝါရီ ၁၇ ရက်  နံနက်ပိုင်းမှ စတင်၍ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသ
Feb 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများအချိန်နှင့်တစ်ပြေးညီသိရှိစေရန် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ကျောင်းစာကြည့်တိုက်များ ရှင်သန်ရေးဆွေးနွေးပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်
Feb 17,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များ ရှင်သန်ရေးညှိုနိုင်းဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲတို့ကို ယနေ့နံနက်၁၀နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre   ခန်းမ၌ကျင်းပပြုလုပ်သည်။
ကျောင်းစာကြည့်တိုက်များ ရှင်သန်ရေးဆွေးနွေးပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်
Feb 17,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များ ရှင်သန်ရေးညှိုနိုင်းဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲတို့ကို ယနေ့နံနက်၁၀နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre   ခန်းမ၌ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ် လုထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်နှင့် စာပေ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အနာဂတ်လူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံသော လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးကော်မတီအောက်ရှိ ဆပ်ကော်မတီ(၄)ခု ပေါင်းစပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 17,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအောက်ရှိ ဆပ်ကော်မတီ(၄)ခု ပေါင်းစပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်သို့ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန် ရှိသူများဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွတ်
Feb 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်သို့ ယနေ့နံနက် ၇ နာရီက သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ခရမ်းမြို့နယ်ကြူတောကျေးရွာတွင် မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေး၍ ပဲတီစိမ်းရိတ်သိမ်း ခူးဆွတ်နေမှုအား အားပေးကြည့်ရှုပြီး ခရမ်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ခရမ်းမြို့နယ်သမအသင်းစုလီမီတက်၊ ကုန်မျိုးစုံအရောင်းခန်းမ၊ ခရမ်းစတိုးဆိုင်များအား ဝင်ရောက်အား‌ပေးကြည့်ရှုခဲ့ကြောင်း သိရသည်။