လူထုအခြေပြုဗဟိုဌာန Community Centre (တောင်ကြီး)ဖွင့်ပွဲအခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
Jul 22,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန CommunityCentre ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးဆောင်ရွက်သွားနိုင်ရေး အတွက် ကြိုတင်ပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီးစီးမှုအခြေအနေများအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အဆိုပါဘက်စုံသုံးခန်းမ၌ တာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။