သတင်းများ

သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲကျင်းပ
Feb 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Case Abate) အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Feb 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဝန်ထမ်းအိမ်ရာဝင်း အတွင်း၌ ယနေ့ နံနက် (၈) နာရီအချိန် ကန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် (CaseAbate) အဘိတ်ဆေးဆေးခတ်ခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ်စာမေးပွဲ အေးချမ်းစွာဖြေဆို
Feb 17,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အတန်းအလိုက် ကျောင်းတွင်းစစ် အတန်းတင်စာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီ ၁၄ရက်နေ့မှ စ၍ အလယ်တန်းအဆင့် အထက်တန်းအဆင့်များကို တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် သက်ဆိုင်ရာကျောင်းအသီးသီး၌ အေးချမ်းပျော်ရွှင်စွာဖြင့်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း(၃၂၉၁၆)ဧက အောင်မြင်စွာစိုက်ပျိုးသွားမည်ဖြစ်
Feb 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံစေရေး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေနှမ်း(၃၂၉၁၆)ဧကအား ဆည်ရေသောက်စနစ်များဖြင့် အောင်မြင်စွာစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေး
Feb 17,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက မိုင်းယုမြို့ မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရွှေတောင်မြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Feb 17,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင် မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ
Feb 17,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 17,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ဘိုးဘွားရိပ်သာ(ပျဉ်းမနား)၊ ရေနံဝန်းနှင့် တောင်သာရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးကြသည်။