သတင်းများ

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအသိပညာပေးဆွေးနွေးပွဲ (Talk   Show) ကျင်းပ
Feb 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                                             
လောင်းလုံးမြို့၌ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများအတွက် ဓာတ်ပုံရိုက်ခနှင့်သွေးစစ်ခများ ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Feb 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများအတွက် ဓာတ်ပုံရိုက်ခနှင့်သွေးစစ်ခများ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ကျင်းပပြုသည်။
နွားထိုးကြီးမြို့နယ် (Community Centre) ခန်းမ၌စာအုပ်စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Feb 17,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ ပညာရှင်စိတ်ထား စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်မှတ် တမ်းဓာတ်ပုံများ ချိတ်ဆွဲပြသ
Feb 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနက နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးပြသဆောင်ရွက်လျက်ရှိရာ
သဲကုန်းမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Feb 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ လူ့အသိုင်းအဝန်း တွင် တစ်ခြားသူများနည်းတူ ပူးပေါင်းပါဝင်ခွင့်ရရှိစေရေးရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ငပုတောမြို့နယ်၌ ​နွေစပါးစိုက်ခင်းများအား Solar Pumpစနစ်ဖြင့် ရေတင်ခြင်းဆောင်ရွက် နေမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု့
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ငပုတောမြို့နယ်အတွင်းရှိ တောင်သူများကုန်ကျစရိတ်သက်သာပြီး စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ နွေစပါးစိုက်ခင်းများအား SolarPumpစနစ်ဖြင့် ရေပေးသွင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁)နာရီအချိန်က ဖျန်ရေကျော် ကျေးရွာရှိ ကွင်းအမှတ် (၁၅/၄)၊ ဦးပိုင်အမှတ် (၁၃၁၃) တောင်သူ ကိုသိန်းထွေးနှင့် တောင်သူဒေါ်လှိုင်သဇင်ထွန်းတို့၏ လယ်​မြေ( ၉၀.၈) ဧကရှိ နွေစပါးစိုက်ခင်းများအား Solar Pump စနစ်ဖြင့် ရေပေး သွင်းဆောင်ရွက်နေမှုအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးရှိန်းနေလွင်ထွန်းနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သဘာဝဘေးသင့် အိမ်ထောင်စုများထံ လှူဒါန်းထားသောဆန်များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် APTERR အစီအစဉ် ၃ (၂၀၂၀) ဖြင့် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ လှူဒါန်းထားသောဆန်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးTalk Show  ပြုလုပ်ဆောင်ရွက်
Feb 17,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်၍ ယနေ့နံနက် ၁၁ နာရီက သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာအသိပညာပေး Talk Show ကို ပြုလုပ်ဆောင်ရွက်ကြသည်။