မောက်မယ်မြို့နယ်၌အရန်သားဖွားအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 22,2022
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အထောက်အကူပြုစေရေး အမျိုးသားဝတ္တရားများဖြစ်သည့် လူမှုဂရုဏာလုပ်ငန်းကို အခြေခံ၍ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့(ACCESS TO HEALTH FUND)၏ အကူအညီဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အာရ်အိုင်မြန်မာ(Relief International)တို့ ပူးပေါင်း၍ အရန်သားဖွားအခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။