သတင်းများ

မြောင်းမြမြို့တွင် (၇၅)နှစ်မြောက် မြန်မာ−ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် နံရံကပ်ပြဘုတ်ပြသ
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ−ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသော၂၀၂၃ ခုနှစ် နှစ်ဦးစျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ Ocean Center ဝန်းအတွင်းရှိ ပရိုမိုးရှင်းဧရိယာတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသော ၂၀၂၃ခုနှစ် နှစ်ဦးစျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပန်းတနော်မြို့၌ လူငယ်နှင့်ဂိမ်းအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်ဂိမ်းအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့နယ်၌ အသစ်ခန့်လက်ထောက်မူလတန်းပြ ရက်တိုသင်တန်းဖွင့်လှစ်
Feb 17,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် အသစ်ခန့်လက်​ထောက်မူလတန်းပြဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အဆင်​ပြေ​စေရန်၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိ​စေရန်၊ သင်ကြား​ရေးအ​ထောက်အကူပြု​စေရန် ရည်ရွယ်၍ ဖေ​ဖော်ဝါရီ ၁၃ ရက်​နေ့မှစတင်၍ ယနေ့အထိအသစ်ခန့်လက်​ထောက်မူလတန်းပြ ရက်တိုသင်တန်းကို အ.ထ.က (၁)​ကျောင်း မြရိပ်ညိုခန်းမ၌ ​ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို မင်္ဂလာဒုံမြို့နယ်ရုံးရှေ့ရှိမြေစိုက် နံရံကပ်ဘုတ်တွင်ပြသ
Feb 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ မြို့နယ်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြသထားလျက်ရှိရာ ပြည်သူများစိတ်ပါဝင်စားစွာဖြင့် လာရောက်ကြည့်ရှုကြသည်။
ကျောက်တန်းမြို့နယ်၌ လူငယ်နှင့်ကျန်းမာ​​ရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကျင်းပ
Feb 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်ကျန်းမာရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk show ကို ယနေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။
မံစီမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး
Feb 17,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက စာသင်ကျောင်း အခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး လိုအပ်သောအခြေခံအဆောက်အဦများအား အကောင်အထည်ဖော်
Feb 17,2023
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး လိုအပ်သောအခြေခံအဆောက်အဦများအား ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ ဇွဲမာန်လွင်ဈေးတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။