သတင်းများ

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးTalk Show  ပြုလုပ်ဆောင်ရွက်
Feb 17,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်၍ ယနေ့နံနက် ၁၁ နာရီက သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာအသိပညာပေး Talk Show ကို ပြုလုပ်ဆောင်ရွက်ကြသည်။
ကိုကိုးကျွန်းမြို့နယ်တွင် လေယာဉ်ခရီးစဉ်ပြေးဆွဲ
Feb 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် စားသောက်ရေးအဆင်ပြေရန်အတွက် တပ်မတော်လေမှ ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ခရီးသည် (၃၇)ဦးနှင့်ကုန်တန်ချိန် (၂၆၄)Kg တင်ဆောင်ကာရန်ကုန်လေဆိပ်မှထွက်ခွာ လာရာကိုကိုးကျွန်း လေဆိပ်သို့(၉)နာရီ အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
စစ်တွေ တက္ကသိုလ်၌ " လူငယ်နှင့်နည်းပညာ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ
Feb 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ပူးပေါင်း၍" လူငယ်နည်းပညာ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Phase 15) (ဒုတိယအကြိမ်) ပြည်သူ (၄၅၀) ဦးအားထိုးနှံ
Feb 17,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့က ထပ်ဆောင်း (Phase 15) (ဒုတိယအကြိမ်) အကြိမ်ထိုးနှံပေးခြင်းကို ကျွန်းသာယာခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ်၌ (၇၅)နှစ်မြောက်၊ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများပြသ
Feb 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံများကို ပြသထားရှိသည်။
ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်းကျင်းပ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ချစ်နိုင်(စိတ်ပညာ)၏ “အမှန်တရားကိုမြတ်နိုးသူ” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့(၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ
Feb 17,2023
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့(၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။