ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်

ပလောက် ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှါးရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပလောက်နယ်မြေ မီးသတ်စခန်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအား စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ် စာအုပ်စာစောင်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက်သွားရောက်ငှါးရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင်