ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့တို့ ဖားအောက်ဆရာတော်ဘုရားကြီးအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် လှူဒါန်းဆပ်ကပ်

ဟင်္သာတ ဖေဖေါ်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ ဖားအောက်တောရကျောင်းသို့ အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် ဇနီးတို့ ယမန်နေ့ နေ့လည်ပိုင်းက ရောက်ရှိခဲ့ပြီး ဖားအောက်ဆရာတော်ဘုရားကြီးအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် လှူဒါန်းငွေများအားလည်းကောင်း၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ ယာယီသမ္မတ ဦးမြင့်ဆွေနှင့်ဇနီးတို့မှ လှူဒါန်းသည့် လှူဖွယ်ပစ္စည်းများအား က်ိုယ်စားအနေဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့သည် နှစ်ကျိတ်ရှစ်ဆူ ကောင်းမှုတော် ဝိသုံဂါမသိမ်တော်စေတီကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ နေ့လည်(၁၅၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ ရောက်ရှိခဲ့ပြီး ဆရာတော် ဘုရားကြီးအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ သဘာဝ မြေဩဇာဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် အော်ဂဲနစ် ပေါ်ဆန်းမွှေးဆန်နှင့် ဆီ အားလည်းကောင်း၊ လှူဒါန်းငွေများအား လည်းကောင်း၊ ဝိသုံဂါမသိမ်အဖြစ် အသုံးပြုရန် အသီးအခြား မြေပေးအမိန့် မြေဂရန်အားလည်းကောင်း ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နှစ်ကျိတ်ရှစ်ဆူ ကောင်းမှုတော်ဝိသုံဂါမသိမ်တော်စေတီကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရသည် ။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)