သတင်းများ

လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 17,2023
ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ လူအများ‌ ရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်နှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံ‌တေးခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Feb 17,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် လျှပ်စစ်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 17,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ထင်အောင် (ကာယပညာတက္ကသိုလ်၊ ဂျာမဏီ) ရေးသားသည့် ကိုယ်၊ စိတ် ကျန်းမာနည်း (၁၀၀) စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စာရေးဆရာ​​ထက်ခိုင်ရေးသားသည့် "​စေတနာလမ်းက​ လျှောက်ခဲ့ပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးအချို့နှင့် မြို့မစျေးကြီးသို့ကွင်းဆင်းစစ်ဆေး
Feb 17,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးအချို့နှင့် မြို့မစျေးကြီးသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ စပ်မျိုးဆောင်းနေကြာသီးသန့်စိုက်ကွင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေး
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ မကျည်းကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကွင်းကျေးရွာတွင် ရေဆင်း(၁) စပ်မျိုးဆောင်းနေကြာ သီးသန့်စိုက်ကွင်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအားများ ယနေ့ နံနက် ၁၂ နာရီခွဲအချိန်က ကြည့်ရှုအားပေးခဲ့သည်။
အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းဆောင်ဆောက်လုပ်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 17,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အ.ထ.ကညောင်ခြေထောက်၌  မြို့နယ်ပညာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုကို ယခုလ ၁၅ ရက် ညနေပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဝိုင်းမော်မြို့နယ်၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ
Feb 17,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမတွင် ယနေ့နံနက် ၁၀နာရီချိန်က ကျင်းပခဲ့သည်။