ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကျင်းပ

မန္တလေးခရိုင် ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးဌာနတွင် ကျန်မာရေးဝန်ထမ်း ဆရာ/ဆရာမများအား ယမန်နေ့နံနက်(၉)နာရီအချိန်က မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း ဆင့်ပွားသင်တန်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာနှင်းဇော်သိန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး သင်တန်းနည်းပြများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါသင်တန်းကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေ အရန်သားဖွားဆရာမများနှင့် လူထုအခြေပြုစေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ စုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြပြီး ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့် ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမ စုစုပေါင်းနည်းပြ(၃)ဦးတို့က (၁၆-၂-၂၀၂၃)ရက်နေ့မှ (၁၈-၂-၂၀၂၃)ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်