ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင်သင်တန်းများဧပြီ ၁ ရက်နေ့၌ဖွင့်လှစ်ပေးမည်ဖြစ်

ထားဝယ် ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အမှတ်စဉ်(၈/၂၀၂၂-၂၀၂၃) သင်တန်း ကို ဧပြီ ၁ ရက်နေ့တွင် ဖွင့်လှစ်မှာဖြစ်ကြောင်းသိရသည်။

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကြားပေးခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အမျိုးသမီးများ မိမိကိုယ်ကိုရပ်တည်နိုင်စေရန်၊ နိုင်ငံတော်၏ကုန်ထုတ်စွမ်းအား ပိုမိုမြင့်မားစေရန်၊ အမျိုးသမီးများ၏ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။

တက်ရောက်လိုသူများအနေဖြင့် ထားဝယ်မြို့၊  ဆန်းချီရပ် ခရေလမ်းနှင့်နွယ်သာကီလမ်းထောင့် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းတွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဖုန်းနံပါတ် ၀၅၉ -၂၀၂၄၀၀/၀၉၂၅၉၁၇၉၆၉၇ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။သင်ကြားပေးမည့်ဘာသာရပ်များအနေဖြင့် စက်ချုပ်သင်တန်း(အခြေခံ/ အဆင့်မြင့်/စင်တီ/လက်မ) မုန့်မျိုးစုံသင်တန်း/ဒီဇိုင်နာသင်တန်း/လက်မှုသင်တန်း/စမော်ကင်သင်တန်း/ကျားရှပ်အင်္ကျီသင်တန်းဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး သင်တန်း ကာလမှာ(၄၅)ရက်ဖြစ်ကြောင်းသတင်းရရှိသညိ။

ငွေဇင်ယော်(ထားဝယ်)