ဒေးဒရဲ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတု ရုရှား-မြန်မာဆက်ဆံရေး အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ် ပြဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်သည့် မှတ်တမ်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်နှင့် ထိတွေ့ဆွေးနွေးခဲ့သည့် မှတ်တမ်းများ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ဆွေးနွေးခဲ့သည့်မှတ်တမ်းများ၊ အပြုသဘောဆောင်သည့် ဖွံ့ဖြိုးရေးဆိုင်ရာ ရလဒ်ကောင်းများ ရရှိစေရေး ဆွေးနွေးမှုမှတ်တမ်းများ စသည်တို့ကို ပြသထားရာ ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေးဒရဲမြို့နယ်ရုံးအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု မှတ်တမ်းဓာတ်ပုံများ၊ အထိမ်းအမှတ်နေ့များအလိုက် မှတ်တမ်းဓာတ်ပုံများ၊ လူငယ်အသိပညာပေး နံရံကပ်စာစောင်များ အပါအဝင် အခြားဗဟုသုတရဖွယ် အကြောင်းအရာများအား နေ့စဉ် အသိပညာပေး ပြသပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)