သနပ်ပင်မြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်  မှတ်တမ်းဓာတ်ပုံများ နံရံကပ်ပြဘုတ်တွင်ပြသ

သနပ်ပင် ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ၊အစိုးရအချင်းချင်း နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓာတ်ပုံများ၊ ရုရှားအရှေ့ဖျား ရေငုတ်သင်္ဘောဌာနချုပ်၊ ရုရှားရဟတ်ယာဉ် ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေး စခန်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံအကြီးအကဲများ ကြည့်ရှုလေ့လာကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် နှစ်(၂၀)ပြည့်အာဆီယံရုရှား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ် သီးအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ခင်းကျင်းပြသထားရာ  ပြည်သူများလေ့လာကြည့်ရှု့ခဲ့ကြောင်းသိရသည်။

လှမိုး(ပြန်/ဆက်)