မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူး‌ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ၊ မကွေးမြို့ သင်ကြားရေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ လူနာများအား တွေ့ဆုံအားပေးကာ ထောက်ပံ့င

မကွေး ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့မှ တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူ ဆုတောင်းပြည့် ဘုရားကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများ ဆေးဝါးကုသဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူဆုတောင်းပြည့် ဘုရားကြီးကျောင်းဓမ္မာရုံသို့ ရောက်ရှိစဉ် တပ်မတော် နယ်လှည့် အထူး ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ဆေးဝါးကုသဆောင်ရွက်ပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး၊ ဆေးကုသရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၃၅)သိန်းအား ပေးအပ်ခဲ့သည်။

အဆိုပါ ဆေးကုသေရးအဖွဲ့သည် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူ ဆုတောင်းပြည့်ဘုရား ကြီးကျောင်းဓမ္မာရုံ၌ အခြေပြု၍ မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာနင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ(၄၂၇)ဦးအား ဆေးကုသမှုပြုလုပ်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ(၁၁၈)ဦး၊ ခွဲစိတ်ရောဂါ(၂၆)ဦး၊ ကလေး ရောဂါ(၇)ဦး၊ သားဖွား/မီးယပ် ရောဂါ(၁၂)ဦး၊ အရိုးရောဂါ(၁၁၀) ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ (၁၆)ဦး၊ မျက်စိရောဂါ(၈၂)ဦး သွားရောဂါ(၁၃)ဦးနှင့် အထွေထွေရောဂါ(၄၃)ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွှက်ပေးပြီး၊ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ(၂၀)ဦး၊ Ultrasound ဖြင့် စမ်းသပ် စစ်ဆေးလူနာ(၂၈)ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၂၅)ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ(၅၇) ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် တပ်မတော် အထူးနည်လှည့်ဆေးကုသေရးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုး ရောဂါနှင့် ဆီးချို သွေးချို ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြော ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့်  အဆိုပါ ဆေးကုသရေးအဖွဲ့သည် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူ ဆုတောင်း ပြည့်ဘုရားကြီးကျောင်း ဓမ္မာရုံ၌ အခြေပြု၍ ဖေဖော်ဝါရီ(၁၇)ရက်နေ့ မှ (၁၉)ရက်နေ့အထိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိရောက်သော ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ သင်ကြားရေးဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့်တွေဆုံ၍ ဆေးရုံကြီးအတွက် လိုအပ်ချက်၊ ဝန်ထမ်းများ၏ အခက်အခဲများများနှင့် ပတ်သက်၍ မေးမြန်းကာ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက ကုသရေးဆိုင်ရာ လိုအပ်ချက်များနှင့် ဝန်ထမ်းလိုအပ်ချက်များ စသည့်တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၁၀)သိန်းကျပ် ပေးအပ်ပြီး၊ ဆေးရုံကြီးအတွင်း လှည့်လည်ကြည့်ရှု၍ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေသူ လူနာများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများ အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ