ရွှေသောင်ယံမြို့တွင်(၇၅)နှစ်မြောက်မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်နံရံကပ်ဘုတ်ပြသ

ရွှေသောင်ယံ ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ယမန်နေ့ညနေ (၃)နာရီ (၃၀)အချိန်က (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ ကိုပြသခဲ့ကြသည်။

အဆိုပါနံရံကပ်ပြဘုတ်တွင်၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်း အမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှုမှတ်တမ်းဓါတ်ပုံများ၊ အစိုးရအချင်းချင်းနှစ်နိုင်ငံရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓါတ်ပုံများ၊ ရုရှားအရှေ့ဖျား၊ ရေငုတ်သင်္ဘောဌာနချုပ်၊ ရုရှားရဟတ်ယာဉ်ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေးစခန်း တို့ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံအကြီးအကဲများ လေ့လာကြသည့်မှတ်တမ်းဓါတ်ပုံများကိုပြသထားရာ ပြည်သူများလေ့လာကြည့်ရှုကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)