သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းတက္ကသိုလ် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်အားပေး၊ နန့်လှိုင်ခေတ်မီစံပြကျေးရွာ Smart Village စီမံကိန်းကျေးရွာလူထုများနှင့် တွေ့ဆုံ၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွ
Feb 18,2023
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီက မိုးညှင်းတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။
ကလောမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ
Feb 18,2023
ယခုအခါ ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ သည် ယနေ့ နံနက် ၁၀ နာရီက ကလော မြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့၌ မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသ
Feb 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်ကျရောက်သည့် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာတွင် စိုက်ပျိုးထားသည့် နေကြာသီးနှံကွင်းသရုပ်ပြပွဲသို့ လာရောက်ကြည့်ရှု
Feb 18,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေကို ယနေ့ နံနက် (၈)နာရီက တောင်သူ ဦးထွန်းစိန်၊ ကွင်းအမှတ် (၇၈၄)၊ ဦးပိုင်အမှတ် ၄၇+၄၈ ရေဆင်း(၁) စပ်နေကြာဧက (၁၀၀)မျိုးစိုက်ပျိုးထားမှုကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လာရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။
(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်တွင် ပြသပေး
Feb 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် အများပြည်သူများ အလွယ်တကူကြည့်ရှု လေ့လာနိုင်ရန်အတွက် ယမန်နေ့က (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်စေရေး မြေစိုက်နံရံကပ်တွင် ပြသပေးခဲ့ကြောင်း သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ထံ ဖူးမြော်ပြီး မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ
Feb 18,2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော်ထံ ဖူးမြော်ပြီး မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲသီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်း
Feb 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် အားထားစိုက်ပျိုးခဲ့သည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ ယခုဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကာ  ရိတ်သိမ်းခြွေ လှေ့‌နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုင်းရယ်၌ သက်သေခံထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား မြေမြှုပ်ဖျက်ဆီး
Feb 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့မရဲစခန်းမှ ဖမ်းဆီးရမိ သက်သေခံထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား မြေမြှုပ်ဖျက်ဆီးခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်၊ မြို့နယ်စည်ပင် သာယာရေး အမှိုက်ပုံမြေနေရာ၌ ပြုလုပ်ခဲ့သည်။