နမ့်ခမ်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ

နမ့်ခမ်း ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မူဆယ်ခရိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအယ်လ်စိုးထန်တူးက ဟောပြောပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်သူ့စာကြည့်တိုက်မှာ ပြည်သူ တိုင်းမှ ပညာဗဟုသုတများ ရှာဖွေနိုင်စေရန် တံခါးဖွင့်ထားပြီး ကြိုဆိုကြောင်း စသည်များကို ပြောကြားပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စန်းက ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေများအကြောင်း တို့ကို ပြောကြားဆွေးနွေးခဲ့သည်။ ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်သူများမှ ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေများမှ မရှင်းလင်းသည်များ၊ သိလိုသည်များကို မေးမြန်းရာ ​မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ က သိရှိသဘောပေါက်လွယ်ကူစေရန် ဥပမာ၊ သာဓကများနှင့် တကွ ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဖိတ်ကြားထားသည့်  မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းများ၊ မြို့ပေါ်ရှိ ကိုယ်ပိုင်မူကြိုကျောင်း (၄)ကျောင်းမှ တာဝန်ခံများ၊ နမ့်ခမ်းမြို့ရှိ တိုက်ပွဲရှောင်စခန်း (၄)ခုမှ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက် သာရေး/ နာရေး ကူညီအကျိုးပြုလူငယ်များ တက်ရောက်ကြကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)