မိုင်းရယ် ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့မရဲစခန်းမှဖမ်းဆီးရမိ သက်သေခံထိန်းချုပ်ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား မြေမြှုပ်ဖျက်ဆီးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေး အမှိုက်ပုံမြေနေရာ၌ ပြုလုပ် သည်။
အဆိုပါ သက်သေခံထိန်းချုပ်ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား မြေမြှုပ်ဖျက်ဆီးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်သေခံထိန်းချုပ်ဓါတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများ မြေမြှုပ်ဖျက်ဆီးနိုင်ရေး အဖွဲ့ခေါင်းဆောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွှန့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ကြပြီး ရဲမှူးညွှန့်လှိုင်က သက်သေခံထိန်းချုပ်ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အမျိုးအမည်နှင့်အရေအတွက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တရားရုံးပြီးပြတ်ပြီးဖြစ်သည့်အမှုများမှ သက်သေခံထိန်းချုပ်ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ကတ်သီနှုန်း(Cathinone) (၁၈၀)လီတာခန့်ပါ အပြာရောင်ကော်ပီပါ (၁၈)လုံး၊ အက်စီတုန်း(Acetone) (၁၈၀)လီတာခန့်ပါ သံပေပါ (၈၈)လုံး၊ ထိန်းချုပ်ဓါတုပစ္စည်းများတွင် မပါဝင်သောအမျိုးအစားမသိ အဖြူရောင်အမှုန့် (၉) ကီလိုခန့်ပါ ဆာလာအိတ်(၂၅)အိတ်၊ တော်လူအင်း(Toluene) (၂၀)လီတာခန့်ပါ အပြာရောင်ကော်ပုံး (၅၈၀)ပုံးနှင့် ထိန်းချုပ်ဓါတုပစ္စည်းများတွင်မပါဝင်သော အမျိုးအစားမသိအရောင်မဲ့အရည် (၄၀)လီတာခန့်ပါ အပြာရောင်ကော်ပုံး (၃၆၀)ပုံး စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၂,၉၂၇,၅၀ဝိ/ ကို အလျား(၁၀)ပေ၊ အနံ(၁၀)ပေ၊ အနက်(၆)ပေရှိ မြေကျင်း(၂)ကျင်းထဲသို့ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)