ကဝမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ

ကဝ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား ချစ်ကြည်ရေးသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများကို ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နံနက်(၁၁)နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း၊ ရုရှားနိုင်ငံပိုင် ရုရှားရဟတ်ယာဉ်ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေးစခန်းတို့ကို ကြည့်ရှုလေ့လာသည့် မှတ်တမ်းဓာတ်ပုံများနှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသထားရာ ပြည်သူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)