သီပေါမြို့နယ်ရှိ အောင်မြင်မြေကိုယ်ပိုင်ကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်သရုပ်ပြ၊လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၁၈

မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အောင်မြင်မြေကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြိမ်းသတ်သရုပ်ပြခြင်း၊ လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းကအဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်ရှေးဦးစွာ  မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက်လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အကြောင်းအရာများ  စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား မီးသတ်ဆေးဘူးဖြင့်လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်း၊ မီးသတ်ပိုက်ဖြင့် မီးငြိမ်းသတ်သရုပ်ပြသခြင်းများဆောင်ရွက်၍ အဆိုပါကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား လက်တွေ့ပြုလုပ်ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)