သတင်းများ

ကလောမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီခွဲက
မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး
Feb 19,2023
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ  ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ပျဉ်းမနားမြို့၊ သာသနာ့ဝေပုလ္လကျောင်းတိုက်၌ (၂၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
Feb 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စု၊ တပ်ပိုးကျေးရွာ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ ရန်မျိုးအောင်နဂါးရုံဘုရား၌  (ကမ္ဘာသူ/ကမ္ဘာသားအပေါင်းတို့ ကပ်ကြီးသုံးပါးဘေးမှကင်းဝေး၍ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံပါစေခြင်းအကျိုးငှာ) (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
ရုတ်တရက်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတနော်မြို့နယ်တွင် လူနေအိမ် (၂၂)လုံး ပြိုကျပျက်စီး
Feb 19,2023
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ရုတ်တရက်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတနော်မြို့နယ်တွင် လူနေအိမ် (၂၂)လုံး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးများ မြိတ်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်းများကို Software ရေးသွင်းနေမှုအား ကြည့်ရှုအားပေး၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေး ပြုလုပ်
Feb 19,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းဖြင့် ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းများကို မြိတ်တက္ကသိုလ်တွင် တာဝန်ရှိသူများက e-ID Main Server အတွင်းသို့ Software ရေးသွင်း ဆောင်ရွက်နေအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဂွမြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Feb 19,2023
သံတွဲခရိုင် ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် ယမန်နေ့ နေ့လယ် ၁၁ နာရီက၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
ချောက်မြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား၊ကျောင်းသူ ( ၈၇၁) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်
Feb 18,2023
မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်​နေ့မှ ၁၈ ရက်​နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၈၇၁) ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်းသိရ သည်။
ချောက်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ အင်္ဂလိပ်စာ level-1 နှင့် level-2 သင်တန်း (အခမဲ့)ဖွင့်လှစ်မည်ဖြစ်
Feb 18,2023
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူကလေးငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်အတွက် နွေရာသီ အင်္ဂလိပ်စာ level-1 နှင့် level-2 သင်တန်း (အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။