ထန်းတပင်မြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/ ၂၀၂၃)ဖွင့်လှစ်
Feb 20,2023
တောင်သူများလယ်ယာလုပ်ငန်းခွင်တွင် သမာရိုးကျလက်မှုလယ်ယာစနစ်မှစက်မှု လယ်ယာစနစ်သို့ကူးပြောင်းနိုင်ရန်၊ လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်မောင်းနှင်ထိန်းသိမ်းပြုပြင်နိုင်စေရန်နှင့် ခေတ်မီစက်ကိရိယာများကို စက်စွမ်းအားပြည့် စနစ်တကျကိုင်တွယ်မောင်းနှင် ထိန်းသိမ်းလာနိုင် လာနိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုသင်တန်း (၁/ ၂၀၂၃)ကို ဖွင့်လှစ်သည်။