ထန်းတပင်မြို့နယ် ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ငါးသိန်းငါးမျိုးစိုက်ထည့်
Jul 23,2022
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာရှိ ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ်ငါးမြစ်ချင်းနှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ ငါးသိန်းတို့ကို တိုင်းဒေသကြီးတာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။