နတ်မောက် ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးရွာများရှိ တောင်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးလာစေရေးအတွက် အရင်းမပျောက်မတည်ငွေများကို မြစိမ်းရောင်ကျေးရွာတောင်သူများသို့ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာအုပ်စု သရပ်ချဉ်ကျေးရွာရှိ တောင်သူ(၁၀၀)ဦးသို့ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ တတိယစက်ဝန်းအစီအစဉ်အရ အရင်းမပျောက် မတည်ငွေကျပ်သိန်း(၃၀၀)ကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ဆဋ္ဌမစက်ဝန်းအစီအစဉ်အရ ဝါပန်ကျေးရွာအုပ်စု ပိတ်ချင်းတောကျေးရွာတွင် မြစိမ်းရောင်ထုတ်ချေးငွေ ကျပ်(၆)သန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၁၃)ဦး၊ ထုတ်ချေးငွေကျပ် (၃၂.၂၅)သန်းဖြင့် ဝက်၊ နွား၊ ဆိတ်မွေးမြူသူ (၇၂)ဦး၊ ငွေကျပ်(၈.၅)သန်းဖြင့် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူ (၁၉)ဦး၊ စုစုပေါင်းငွေကျပ်(၄၆.၇၅)သန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်စုံဆိုင်စသည့် လုပ်ငန်းများလုပ်ကိုင်သူ (၁၀၄)ဦးတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မူမူစန်း