သာကေတမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်ဆင်ယင်ကျင်းပ
Feb 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ကျင်းပခဲ့သည့် ၂၀၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆို အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်၊ စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယမန့်နေ့ညနေ (၃)နာရီက ၇/အနောက် ရပ်ကွက်၊ ဇိနမာရ်အောင် စေတီတော်အတွင်းရှိ ဝိမုတ္တရသဓမ္မာရုံ၌ ဆင်ယင်ကျင်းပခဲ့သည်။