သတင်းများ

ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး၌ ယနေ့နံနက်ပိုင်းက သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ လမ်းဘေးဝဲယာတွင် အရိပ်ရသစ်ပင်များရှင်သန်ဖြစ်ထွန်းစေရေး၊ သစ်ပင်သစ်တောတန်ဖိုးကိုနားလည်ချစ်မြတ် နိုးသည့် စိတ်ဓါတ်ဖော်ဆောင်နိုင်ရေးတို့အတွက် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်ပြီးစီးသည့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jul 23,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာအုပ်စု၊ ပေါစံခေါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ GIS နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းဆင့်ပွားသင်တန်းပြုလုပ်
Jul 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ GIS နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာန၏မှ ကျေးရွာမြစိမ်းရောင် (ငါးကဏ္ဍ) ဆဋ္ဌမနှစ်စက်ဝန်း ချေးငွေများပြန်လည်ထုတ်ချေးပေး
Jul 23,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှကျေးရွာမြစိမ်း ရောင်(ငါးကဏ္ဍ) ဆဋ္ဌမနှစ်စက်ဝန်း ချေးငွေများကိုအတိုးအရင်းပေးဆပ်ပြီးဖြစ်၍ ပြန်လည်ချေး ငွေထုတ်ပေးပြီး စာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး
Jul 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးနေမှုများကို ယနေ့ နံနက်ပိုင်း က အမှတ်(၁၀)နှင့် အမှတ်(၁၇)ရပ်ကွက် များတွင် ဆောင်ရွက်လျက်ရှိသည်။
မိုင်းယောင်း၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေး
Jul 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေးနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ၌ ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်
Jul 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  စားသုံးသူအသိပညာပေး Talk Showကို ယမန်နေ့ မွန်းလွဲ ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် မွေကျေးရွာ အထက(ခွဲ)၌ အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jul 23,2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂ဝ၂၂ ခုနှစ်မိုးရာသီ အရိပ်ရတမာပင်များ စုပေါင်း စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်က မွေကျေးရွာ အထက(ခွဲ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။