သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ “မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်ကော်ဖီစိုက်တောင်သူများထံသို့ လုပ်ငန်းသုံးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  “မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံ ငွေဖြင့် လုပ်ကွက်ငယ်ကော်ဖီစိုက်တောင်သူများထံသို့ လုပ်ငန်းသုံးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၁နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၈၅၇)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 20,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ခုနှစ် မတ်လ ၈ ရက်နေ့၌ စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၈၅၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်းစာသင်တိုက်၌ (၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ကျင်းပ
Feb 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်း စာသင်တိုက်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးမှူးကျင်းပသည့် (၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာဖြေပွဲတော်အခမ်းအနားကို ယမန်နေ့နေ့လယ်(၁၂)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို ဆက်‌လက်ထိုးနှံ‌ပေး
Feb 20,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်၁၈နှစ် အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက်၅နှစ်မှ ၁၂နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့ နံနက် ၉နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန် မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Feb 20,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ
ရန်ကင်းမြို့နယ် မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ဒဿမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Feb 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ယမန်နေ့ နေ့လယ်(၁)နာရီက ရန်ကင်းမြို့နယ် မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ဒဿမအကြိမ်မြောက် ရန်ကင်းမြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေမှချေးငွေများပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ
Feb 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိဒေသခံတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေမှ ချေးငွေများပေးအပ်ခြင်းနှင့်စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် Mobile  Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ် သမဝါယမဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။