သတင်းများ

ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် မဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ မရှိခဏဓမ္မရောင်ခြည် ကျောင်းတိုက်၌ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကလောမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသ
Feb 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့မွန်းလွဲပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် စားတော်ပဲစမ်းသပ်စိုက်ပျိုးခဲ့သည့် စံကွက်ရိတ်သိမ်း
Feb 19,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာရ၌ စားတော်ပဲစမ်းသပ်စိုက်ပျိုးခဲ့သည့် စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စုတွင် ပြည်ထက်ဝက် တံတားအသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ မကျီးကုန်းတန်း ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာတို့ ဆက်သွယ်ထားသော (မကျီးကုန်းတန်း - ပြည့်ထက်ဝက် - လက်ရဲတပ် - မြောင်းတပ် - ရွာသစ်ကြီး) ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဒေသခံပြည်သူများ သွားလာမှုလွယ်ကူစေရေးအတွက် ဆောက်လုပ်လှူဒါန်းသည့် ပြည်ထက်ဝက်တံတား အသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  မုဒိတာစာဖတ်ဝိုင်းကျင်းပ
Feb 19,2023
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club    ဖြင့် မုဒိတာ စာဖတ် ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့်ညှိနှိုင်းဆွေးနွေး
Feb 19,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က ကရင်ဘာသာပဋိ ကဘာသာပြန် ကျောက်စာရေးထွင်းသည့်ဓမ္မာရုံ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့၌ ရဟန်းသာမဏေသီလရှင်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 19,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ (လပြည့်လကွယ်)နေ့များတွင် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း/ကွမ်းအထောက်အပံ့ဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကိုကျင်းပရာ ယမန်နေ့ ညနေ (၄) နာရီချိန်က အမှတ်(၆)ရပ်ကွက်ရှိ ဇိနသုခလောက သရဖူစေတီတော် ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။