သတင်းများ

မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွား (၅)ဦး သေဆုံးပြီး၊ (၁)ဦး ဒဏ်ရာရ
Jul 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝင်း၊ တောင်ရိုးတန်းလမ်းတွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အထက(၅)ကျောင်း၏ အုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ BA.4, BA.5 ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြည်-‌ပေါက်ခေါင်း-တောင်ငူ လမ်းဆုံနေရာ၌ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ BA.4, BA.5 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဌာနများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်     
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  ယနေ့နံနက်  (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် ကျောင်းသား/ သူများအား ကိုဗစ်  - ၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံ
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက်
သဲကုန်းမြို့နယ် စာရင်းရုံးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၃၅.၉၇)သန်းဖြင့် မြိုနယ်စည်ပင် သာယာရေး အဖွဲ့မှ ပစ္စည်းတင်ဒါဖြင့် ဆောင်ရွက်သော စာရင်းရုံးလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဟံအေး၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦအေးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ခင်အေးလွင်တို့မှ ယနေ့နံနက် ပိုင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ အတွင်းမိုးရေပြည့်လျှံမှု ဖြစ်ပွား
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်လည်နေရာချထားရေး ရပ်ကွက်အတွင်းရှိ ရွှေနှင်းဆီအပိုင်နှင့် အေးသာယာအပိုင်တို့တွင် ယနေ့ နံနက်(၅)နာရီ အချိန်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း မိုးရေပြည့်လျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိ ရွှေနှင်းဆီအပိုင် နေအိမ်များအတွင်းမိုးရေ ပြည့်လျှံသည့် အိမ်ခြေ (၁၃၀၀) ခန့်ရှိပြီး အေးသာယာအပိုင်အိမ်ခြေ (၅၀၀) ကျော်ခန့်ရှိ​သည်။
ပွင့်ဖြူမြို့နယ်၌ မဲစာရင်းတိကျမှန်ကန်မှုရှိစေရန် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ်နည်းပညာဖြင့် Data Base ရေးသွင်းခြင်းလုပ်ငန်း ကြိုးပမ်းဆောင်ရွက်နေ
Jul 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲစာရင်းများ တိကျမှန်‌စေရေး အတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ် နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့ကစတင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြို့တွင် ဌာနဆိုင်ရာရုံးများအား သက်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုံးဆီများလိုက်လံရောင်းချ
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဆီကုန်သည်ကြီးများအသင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများ သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် စားအုံဆီများအား ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။