ဖြူးမြို့နယ်၊ ခင်ဝိုင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်း​​ပြီးစီး

ဖြူး ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ဖြူးမြို့နယ်၊ ပြောင်သေကျေးရွာအုပ်စု၊ ခင်ဝိုင်းကျေးရွာတွင်  မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ပြီးစီးသွားသောကြောင့် ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိူးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောင်သေကျေးရွာအုပ်စု၊ ခင်ဝိုင်းကျေးရွာတွင်းလမ်းမှာ လမ်းအရှည် (၂၂၅၀)ပေ၊ လမ်းအကျယ်(၁၂)ပေရှိ ကျောက်ရောမြေခင်းလမ်းဖြစ်ပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်း အတိုးရငွေသိန်း(၉၀)ကျပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းဆောင်ရွက်ပြီးစီးမူ အခြေအနေအား ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ နှင့်တွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)