ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်ရေး အမှတ်(၈)မူလတန်း (လွန်)ကျောင်းတွင် (၂)ထပ်စာ သင်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရာတွင် ပိုမိုထိရောက်စေရေး အခြေခံပညာကျောင်းများတွင် စာသင်ကျောင်းဆောင် အသစ်များ ဆောက်လုပ်ပေးလျက်ရှိရာ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် အမှတ်(၈)အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင် (၂)ထပ်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းများ (၇၅)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ (၂)ထပ်ကျောင်းဆောင်သစ်အား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၂၃၂.၈၃၀)ကျပ်သန်းဖြင့် Yoon Dada Hlaing ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူကာ အလျား(၁၀၀)ပေ၊ အနံ(၃၀)ပေ၊ Steel Structure (၂)ထပ် ကျောင်းဆောင်အသစ်ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီစီးပါက ကျောင်းသား/ကျောင်းသူများ စာသင်ကြားရာတွင် ပို၍ထိရောက်စွာ သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ပညာရေးမှူးရုံးအနေဖြင့် ပညာသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် လိုအပ်လျက်ရှိသည့်ဝန်းခြံများအား အုတ်တံတိုင်းများကာရံပေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းရမည့် အဆောက်အဦးများအား ပြင်ဆင်ပေးခြင်း၊ စာသင်ကျောင်းဆောင် လိုအပ်သည့်ကျောင်းများတွင် စာသင်ကျောင်းဆောင်အသစ်များ ဆောက်လုပ် ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်၊ ခရိုင်(ပြန်/ဆက်)