သံတောင်ကြီးမြို့နယ် ကလေခိုအထက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မှု (၁၀၀)ရာခိုင်နှုန်း ပြီးစီး

သံတောင်ကြီး ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ် ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက် ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးသည့် ကလေခိုအထက်ကျေးရွာသို့ ယနေ့နံနက်(၉))နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၀၉.၉၆) သန်းဖြင့် Cutting  ကျောက်ရောမြေ အမျိုးအစားမြေသားကုန်ထုတ်လမ်း(၂)မိုင် ဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာကို တင်ဒါအောင်မြင်သည့် Megagynamic ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် လုပ်ငန်းဆောင်ရွက်မှု (၁၀၀) ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးဇော်မင်းဦးထံမှ သိရသည်။

နော်နော်မူ