မိုင်းယောင်းမြို့၌ လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။

Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအကြောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက လူငယ်နှင့်ရည်မှန်းချက်အကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က လူငယ်နှင့်စာရိတ္တအကြောင်း၊ လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က လူငယ်နှင့်ကျန်းမာရေးအကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း