သတင်းများ

ကျောက်ဆည်မြို့နယ် ကျီးအိပ်‌ကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းပညာများ ကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ် ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးထားရာ ကျီးအိပ်ကျေးရွာမှ  တောင်သူဦးကြည်ဌေး စိုက်ပျိုးထားသော မျိုးစေ့ထုတ် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မိမိခြံဝင်းအတွင်း ဂန္ဓာမာပန်းများ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသားစုပုံမှန်ဝင်ငွေများရရှိ
Feb 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိမိခြံဝင်းအတွင်း ဂန္ဓာမာပန်းများတစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ ခူးဆွတ်ရောင်းချလျက်ရှိရာ မိသားစုစာဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေများ ရရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်(Community Centre)ခန်းမတွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show   ဆောင်ရွက်
Feb 20,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင်  ပြည်သူများအနေဖြင့်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Showကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ပြည်ထောင်စု အကအလှ ပဒေသာပွဲတော်နှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်
Feb 20,2023
မကွေးနည်းပညာတက္ကသိုလ်(မကွေး) ပြည်ထောင်စုအကအလှ ပဒေသာပွဲတော်နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေး နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ
၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း၊ ကြွေးကျန် (NPL)ကျဆင်းရေးနှင့်ရာနှုန်းပြည့် ပြေကြေနိုင်ရေး တွေ့ဆုံဆွေးနွေး
Feb 20,2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အမ်းမြို့နယ်များမှ ဘဏ်ခွဲတာဝန်ခံများနှင့် တွေ့ဆုံ၍ ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါးစိုက် တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း၊ကြွေးကျန် ((NPL) ကျဆင်းရေးနှင့် ရာနှုန်းပြည့် ပြေကြေနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ ညနေ (၄)နာရီခွဲအချိန်က တောင်ကုတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပသည်။
မိုင်းဖြတ်မြို့နယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ ဌာဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်
Feb 20,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်သို့ ရောက်ရှိလာပြီး မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ရွာ၌ ဓမ္မစကူးလ်‌သင်တန်းဆင်းပွဲ ကျင်းပ
Feb 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ကျေးရွာ၊ ဓမ္မပါလကျောင်းတိုက်၌ ယမန်နေ့ နံနက် ၈ နာရီက ဓမ္မစကူးလ် သင်တန်းဆင်းပွဲကို ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ကျေးရွာ၊ဓမ္မပါလကျောင်းတိုက်၌ ကျင်းပသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Feb 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်( ၉ )နာရီ အချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။