မယ်စဲ့မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 23,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ဒေသအတွင်း အပူပိုင်းစိမ်းလန်းစိုပြည်စေရေးအတွက် သစ်တောထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူအများ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောသယံဇာတအရင်း အမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မယ်စဲ့မြို့အဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်အနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။