ထန်းတပင်မြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/ ၂၀၂၃)ဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၀


တောင်သူများလယ်ယာလုပ်ငန်းခွင်တွင် သမာရိုးကျလက်မှုလယ်ယာစနစ်မှစက်မှု လယ်ယာစနစ်သို့ကူး​ပြောင်းနိုင်ရန်၊ လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်​မောင်းနှင်ထိန်းသိမ်းပြုပြင်နိုင်​စေရန်နှင့် ခေတ်မီစက်ကိရိယာများကို စက်စွမ်းအားပြည့် စနစ်တကျ​ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းလာနိုင် လာနိုင်​စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုသင်တန်း (၁/ ၂၀၂၃)ကို ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးသန်းထွဋ် တို့ကအဖွင့်အမှာစကားနှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း​ပြောကြားခဲ့ပြီးမြို့ နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးနိုင်ကသင်တန်းသားများကိုယ်စားသင်တန်းသားတစ်ဦးကိုသင်​ထောက်ကူပစ္စည်းများ​ပေးအပ်ခဲ့​ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် လယ်ယာသုံးစက်ကိရိယာများကို ကိုင်တွယ်​မောင်းနှင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်ပြင်ဆင်ခြင်းများကို စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးနိုင်နှင့် ဝန်ထမ်းများက စာတွေ့လက်တွေ့ လေ့ကျင်သင်ကြားပေးသွားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့လည်း သင်တန်းသား(၃၀)ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်းကာလမှ​ ဖေ​ဖော်ဝါရီလ(၂၀)ရက်​နေ့မှမတ်လ(၃)ရက်​နေ့အထိ နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ ဆက်)