သတင်းများ

ဒလမြို့နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေး အစည်းအဝေးကျင်းပ
Feb 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်း ပေါင်းစပ်ရေး အစည်းအဝေးကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေး
Feb 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် ဈေးတွင်းဈေးပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၁ ရက်၊ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး  မြို့မစည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်စွာ ဈေးရောင်းချမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲကျင်းပ
Feb 21,2023
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ
Feb 21,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး (191)စတေကာကပ်ပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရက်ကွက်၊ ရေး-ထားဝယ်သွားလမ်း နယ်မြေမီးသတ်စခန်းရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191)စတေကာကပ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Feb 21,2023
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 21,2023
ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲမှစီစဉ်သော နွေရာသီပန်းချီ သင်တန်းဖွင့်လှစ်မည်
Feb 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စီစဉ်သော နွေရာသီပန်းချီသင်တန်းကို မတ်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။