သတင်းများ

နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 21,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘော်အိုင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေး
Feb 21,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ မိဘပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ရွှေကျင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Feb 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်
Feb 21,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အောင်တပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေး ဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ရပ်ကွက်များသို့ ရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းပိတ်ရက်ကာလတွင် ကလေးများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်အတွက် နွေရာသီအားကစားသင်တန်း(၅)မျိုးဖွင့်လှစ်ပေးသွားမည်
Feb 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ၏ကြီးကြပ်မှုဖြင့် ကျောင်းပိတ်ရက်ကာလ ကျောင်းသားကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို၊ မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Feb 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်း စားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပျော်ဘွယ်မြို့နယ် ရုံးဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး Photoshop အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Feb 21,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး Photoshop အသုံးပြုနည်းသင်တန်းကို ယနေ့နံနက်(၉)နာရီခွဲမှစတင်ကာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရေဖြူမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး (191)စတေကာကပ်ပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ စည်ပင်သာယာဈေးနှင့် ရေး-ထားဝယ်သွားလမ်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191)စတေကာကပ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။