ထန်းတပင်မြို့နယ်၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပ
Jul 24,2022
တောင်သူများ စပါးအထွက်နှုန်းများ တိုးတက်မြင့်မားလာစေရေးနှင့် ဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ရွှေဇာခြည်ကုမ္ပဏီတို့ ပူးပေါင်း၍ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ညောင်သုံး ပင်ကျေးရွာရှိ ရွှေဇာခြည်စပါးအခြောက်ခံ စက်ရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။