သတင်းများ

ကျွန်းစုမြို့တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သိရှိဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Feb 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Feb 20,2023
ကျောင်းသား/ကျောင်းသူများ ကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ အသိပညာဗဟုသုများနှင့် ပျော်ရွှင်စရာ အစီအစဉ်များကို စိတ်ဝင်စားစွာ ပါဝင်ရေးအတွက် ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community    Centre) ၌ ပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး စာစောင်များနှင့် စတေကာများ ဖြန့်ဝေ
Feb 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍မီးဘေးလုံခြုံရေး ပညာပေးစာစောင်များနှင့်စတေကာများကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့ ပုလောတံတားထိပ်တွင် ဖြန့်ဝေခဲ့သည်။
ပခုက္ကူမြို့၌ (၈)ခန်းတွဲ (၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံး တည်ဆောက်မှု (၉၉)ရာခိုင်နှုန်း ပြီးစီး
Feb 20,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက်  ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်း၌ (၈)ခန်းတွဲ (၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာအဆောက်အဦတစ်လုံး တည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၉၉)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ​နွေသီးနှံသုံးသီးစား စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ
Feb 20,2023
ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ တောင်သူအသိပညာပေးစင်တာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ နွေသီးနှံ၊ မိုးစပါး၊ မတ်ပဲ သုံးသီးစားစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲ တော်ကြီးဆက်လက်ကျင်းပ
Feb 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် သံဃာတော်များက ဦးဆောင်ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီးကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
Feb 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့ နံနက်ပိုင်း ၈ နာရီ အချိန်တွင် ချောင်းသာမြို့ အမှတ်(၁) ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။