အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

အုတ်ဖို ဖေဖော်ဝါရီ ၂၁

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးကုသပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လစဉ် (၂၁) ရက်နေ့တိုင်း အခမဲ့စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  ကျန်းမာရေးစောင့်ရှောက်မှုခံယူကြမည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့်  လစဉ် (၂၁) ရက်နေ့ရောက်တိုင်း သက်ဆိုင်ရာမြို့နယ်ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။

အောင်သူ (ပြန်/ ဆက်)