သတင်းများ

ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများအား အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်းသင်တန်းဖွင့်လှစ်
Feb 21,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားမျာအား အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Feb 21,2023
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ (Book Club/ Youth Club) အဖွဲ့ဝင်များက စာရေးဆရာအောင်ဇေယျ၏ ပန်းတိုင်ရောက်မည့်ခြေလှမ်းများ စာအုပ်အား ယနေ့နံပိုင်း(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး
Feb 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်း မြို့နယ်တွင် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပ
Feb 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်၊ တောင်ဘို့ကြီးအုပ်စု၊ မြေဝါကုန်းကျေးရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဌေး၏ နေအိမ်ဘေး မြေကွက်လပ်၌ (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေသီးနှံမျိုးစုံ(၄၁၁၇၃)ဧက စိုက်မျိုးရန်အတွက် ဆည်ရေများစတင်ပေးဝေနေပြီဖြစ်
Feb 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေသီးနှံမျိုးစုံ အောင်မြင်စွာ ပျိုးထောင်စိုက်ပျိုးနိုင်ရေး ဆည်ရေများစတင်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြားသားကျေးရွာ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 21,2023
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြားသားကျေးရွာ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်သည်။
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)တွင် စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်လှစ်
Feb 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ ယမန်နေ့နံနက် ၁၀နာရီက "စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃)" သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်းသိရသည်။
ပုဗ္ဗသီရိ၌ ကျား၊ မအခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show ကျင်းပ
Feb 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျား၊ မ အခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show ကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့သည်။