သတင်းများ

သီပေါမြို့နယ်တွင် နေကြာသီးနှံကွင်းပြပွဲနှင့် တောင်သူနည်းပညာပေး သင်တန်းကျင်းပပြုလုပ်
Jul 25,2022
နေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များရရှိစေရန်၊ တောင်သူများဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသတွင်းစားသုံးဆီဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီက ဘော်ကြိုကျေးရွာရှိ တောင်သူ ဒေါ်နန်းဌေး၏ မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် စံပြစိုက်ခင်းတွင် နေကြာသီးနှံကွင်းပြပွဲနှင့်ထုတ်လုပ်ခြင်း နည်းပညာသင်တန်းပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှု မဖြစ်ပေါ်စေရေး ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်
Jul 25,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံကျေးလက်နေပြည်သူများ  လျှပ်စစ်မီးသုံးစွဲရာ၌ အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ လမ်းညွှန်မှုဖြင့် လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့တွင်းဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်မှုရှိ၊မရှိ ကွင်းဆင်းစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတက္ကသိုလ်တွင် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Jul 25,2022
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ပြီးစီး
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ကစ၍ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ် နှစ်ပွဲကို မြောင်းမြမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ(VDP)ဖြင့်ဆောင်ရွက်သော ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းနှင့် ကျောက်ရောမြေနီခင်းခြင်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ(VDP)ဖြင့်ဆောင်ရွက်သော ကျေးရွာ(၆)ရွာရှိကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းနှင့်
မင်းလှမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်
Jul 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ဝိုင်းကျေးရွာအုပ်စုတွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ တိုက်ဆိုင်စစ်ဆေးကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်း ခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Jul 25,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က ကညင်ချောင်းစီးပွားဇုန် တွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။