မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူယနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 20,2023
မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့ အထိ (ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက စေတီတော် မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးများ တက်ရောက်ခဲ့ကြသည်။