သတင်းများ

ဆွမ်ပရာဘွမ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ
Jul 24,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇူလိုင်၂၃ရက်မွန်း လွဲ(၁)နာရီက မြို့နယ်ဘန်ရူခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄) မိုင်ဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်   ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 24,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄) မိုင်ဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်   မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်  ၉ နာရီအချိန်  ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
Jul 24,2022
မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီး မြှင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်​နေ့တွင် မော်လမြိုင်မြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ပါသည်။
ကျောက်ဆည်မြို့တွင် သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲနှင့် မြို့နယ်စာရေး ဆရာများအသင်း မျက်နှာစုံညီအစည်းအဝေး ကျင်းပ
Jul 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက သက်ကြီးစာပေးပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲနှင့် မြို့နယ်စာရေးဆရာများအသင်း မျက်နှာစုံညီ အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးနှမ်းများစတင်ရိတ်သိမ်း မိုးဦးမိုးရွာသွန်းမှု အားကောင်းသဖြင့် အသီးသီးနှုန်းအားကောင်း
Jul 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးရွာများရှိ မိုးကြိုနှမ်းစိုက်ပျိုးသည့်တောင်သူများ ယခုရက်ပိုင်းအတွင်း စတင်ရိတ်သိမ်းနေပြီ ဖြစ်ရာ မိုးဦးမိုးရွာသွန်းမှု အားကောင်းသောကြောင့် အပင်အသီး ဖြစ်ထွန်းမှုအားကောင်းကြောင်းနှင့် ရောင်းချသည့်အချိန်တွင် ဈေးကောင်း ရရှိရန် မျှော်လင့်ကြောင်း မိုးနှမ်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ကျောက်မဲခရိုင်၊ Community Centre ခန်းမ၌ လေထိုးလေအောင့်နှင့် အစာမကြေရောဂါအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Jul 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လေထိုးလေအောင့်နှင့် အစာမကြေရောဂါအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ ပုသိမ်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
Jul 24,2022
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများသည် ပုသိမ်မြို့ရှိ အထင်ကရနေရာများသို့ ယနေ့ညနေပိုင်းက သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ရန်ကုန်-ပုသိမ်ကားလမ်းဘေး မြေသားတာဘောင်နိမ့်ကျမှုအား ကြည့်ရှုစစ်ဆေး
Jul 24,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့် မြို့များအား “CLEAN CITY၊GREEN CITY" ဖြစ်စေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တောင်ပေါ်လမ်း ပုသိမ်တက္ကသိုလ် ရှေ့မျက်နှာစာတစ်လျှောက် စုပေါင်းရှင်းလင်းနေမှုနှင့်