ကလိန်အောင် ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရက်ကွက်၊ ရေး-ထားဝယ်သွားလမ်း နယ်မြေမီးသတ်စခန်းရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191)စတေကာကပ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထို့သို့ အသိပညာပေးဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်၊ မြို့မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်ပြီး မီးသတ်တပ်အဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဒု-ဦးစီးမှူးဦးမင်းခိုင် တို့သည်ပူးပေါင်း၍ ကလိန်အောင်မြို့ ရေး-ထားဝယ်ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များမောင်းနင်သူများကို မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါသော (191)စတေကာပြားများကပ်ပေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် သိရှိလိုက်နာရမည့် ရှောင်ရန်/ဆောင်ရန်အချက်များပါရှိသော အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191)စတေကာကပ်ပေးခြင်းကို မိမိတို့မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများတို့ကပူးပေါင်း၍ မိဘပြည်သူများအား သိရှိနားလည်းစေရန်အတွက်ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေးလှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း အဆိုပါမီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်ခင်လဲ့