ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲကျင်းပ

သန်လျင် ဖေဖော်ဝါရီ ၂

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စာတမ်းရှင် ဆရာဆရာမ(၁၉)ဦးတို့က သုတေသနစာတမ်းများ ဖတ်ကြားကြသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၄)နှစ်မြောက် တက္ကသိုလ်တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို ဖေဖော်ဝါရီ(၂၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)