သတင်းများ

မအီမြို့နယ်တွင် ကျောင်းအခြေပြု/ပြည်သူအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်    
Jul 26,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက်  အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မအီမြို့မှ တောင်ပေါ်ခရီး ၁၆ မိုင် ကွာဝေးသည့် မအီချောင်းဖျားရှိ လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ မူလတန်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
အလုံမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး (Booster) ထိုးနှံ​​​
Jul 26,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကို​ဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​မန်နေ့ နံနက် ၉ နာရီက အလုံမြို့နယ်ခန်းမ၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ ၂၅၀ ဦးအား ထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး(Booster) ထိုး​နှံ​​ပေး​ကြောင်း သိရသည်။
နမ္မတူတွင် ရှေ့ဆောင်ကြယ် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ်
Jul 26,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ရှေ့ဆောင်ကြယ်” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို
သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်
Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပေးနှိုးဆော်
Jul 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့တွင် အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး
Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ခရမ်းမြို့နယ် အ-ထ-က(၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jul 26,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကြည့်ရှုအားပေး
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မြန်အောင်မြို့နယ်အတွင်း မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းများနှင့် မြန်အောင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။