သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲမှစီစဉ်သော နွေရာသီပန်းချီ သင်တန်းဖွင့်လှစ်မည်

သုံးခွ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စီစဉ်သော နွေရာသီပန်းချီသင်တန်းကို မတ်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

နွေရာသီ ပန်းချီသင်တန်းဖွင့်လှစ်ရာတွင် ပန်းချီမြင့်သိန်းဦးဆောင်ပြီး တပြည့်များဖြစ်ကြသည့် ပန်းချီဇော်မင်းအောင်နှင့် ပန်းချီမျိုးနိုင်တို့က သင်ကြားပြသပေးသွားမှာဖြစ်ပြီး အဆိုပါသင်တန်းကို သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲသင်တန်းခန်းမ၌ ၂၀-၃-၂၀၂၃ ရက်နေ့မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တစ်လခွဲကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် သင်တန်းနှင့်ပက်သက်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ရန် ဖုန်း 09-770018609၊ 09-683344050၊ 09-260392565၊ 09-421109700 တို့အား ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ထို့အပြင် သင်တန်းဆရာများဖြစ်သည့် ပန်းချီဇော်မင်းအောင်နှင့် ပန်းချီမျိုးနိုင်တို့၏ ပန်းချီ လက်ရာများကိုလည်း ပြပွဲ၊ ပြခန်းများဖြင့် ပြသသွားမည်ဖြစ်သောကြောင့် မည်သူမဆိုလာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်