သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191)စတေကာပြားများကပ်ခြင်းကို ယနေ့နံနက် ၇နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများနှင့်ပန်းတောလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့သည်။