ဒိုက်ဦး မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ လင်းလင်းထွန်း "ဇီးရိုးမှဟီးရိုးဖြစ်ခဲ့ကြသည့်ဘီလျံနာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဆွေသက်အောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Women Clubအဖွဲ့ဝင် ဒေါ်ဝင်းအေးကျော်က ချုံကြားမှဘုံဖျားသို့စာစု၏မှတ်သားစရာများ၊ Youth Club အဖွဲ့ဝင် ဦးစိုင်းကျော်လင်းက အသက်၂၆နှစ်အရွယ် သန်းကြွယ်သူဌေးဖြစ်လာသူ Adam Khoo ပြောပြသည့် ကြွယ်ဝချမ်းသာရေးနည်းလမ်းများ၏ စာစု၊ Woman Club အဖွဲ့ဝင် ဒေါ်နီနီစိုးက ဇီးရိုးမှဟီးရိုးဖြစ်လာခဲ့ကြသည့် ဘီလျံနာသန်းကြွယ်များ၏ စာစုပါအချက်အလက်များ စသည့်အချက်များစွာကို ဖတ်ကြားစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)