အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပေးဟောပြောပွဲ ကျင်းပ

ရွှေကူ မတ်လ ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူနိုင်မည့်အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲခန့်က အမှတ်(၁)အခြေခံပညာအထက်တန်ကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရွှေကူမြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်က Grade-9 ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း ၍ အသိပေးပြောကြားရာ၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အခြေခံပညာ အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်း ကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက် အောင်မြင်ပြီးပါက ပညာ ဆက်လက်သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်စေရန်(၁)အခြေခံပညာအထက်တန်းဆင့်၊ (၂)စက်မှုနည်းပညာ၊ (၃)စိုက်ပျိုးရေးအတတ်ပညာ၊ (၄)မွေးမြူရေး အတတ်ပညာစသည့် ပညာရေးလမ်းသွယ်(၄)မျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းများ အကြောင်းတို့ကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပေးပြောကြားရာသို့ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)