သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သရက် မတ် ၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။  

အဆိုပါအခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရာက်သူများက မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် သာသနာ့အလင်းရောင်ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံမှ (၅)ပါးသီလ ခံယူဆောက်တည်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းတိုက်ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တသီလဝံသက ဩဝါဒမိန့်ကြားပေးခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က ယာဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ‌လျှောက်ထားပေးခဲ့ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများဆက်ကပ် လှူဒါန်းပေးခဲ့ကာ ဗုဒ္ဓဿသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပြီး အခမ်းအနားအပြီးတွင် သင်တန်းအား ဆက်လက်သင်ကြားပေးခဲ့သည်။ သင်တန်းအား မတ်လ(၃)ရက်မှ (၁၉)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)