လက်ပံတန်း မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၃ခုနှစ် မတ်လ ၈ရက်နေ့တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းက စတင်စစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့ အခြေခံပညာကျောင်းစာစစ်ဌာနများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးလင်းကျော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ပံတန်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၁) စာဖြေဌာန၊ အခြေခံပညာအထက်တန်းကျောင်း (သာရဝေါ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ဇီးဖြူကုန်း)တို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေလှောင်ကန်ထားရှိခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး သွယ်တန်းထားရှိမှုအခြေအနေများ၊ မီးသတ်ဆေးဘူးတို့အား လိုက်လံကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်