ဂွမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဂွ  မတ် ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ သိမ်ကုန်းစေတီတော် မြတ်ကြီးတွင် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် မတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးတို့နှင့် ပတ်သက်၍  ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဂွမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မတ်လ(၅)ရက်နေ့၌ ကျရောက်မည့် တပေါင်းလပြည့်နေ့တွင်  သံဃာအပါး(၁၁၈)ပါးအား မြို့လုံးကျွတ် ဆွမ်းဆန် စိမ်း လောင်းလှူပွဲကို သိမ်ကုန်းစေတီတော်မြတ်ကြီးရင်ပြင်ထက်၌ ကျင်းပသွားမည်ဖြစ်ပြီး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအားလုံးက ညနေ(၃)နာရီအချိန်တွင် စုပေါင်း၍ လောင်းလှူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် အစီအစဉ်များအားလည်းကောင်း၊ မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးတို့နှင့် ပတ်သက်၍  ဌာနဆိုင်ရာများ အနေဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည့် အစီအစဉ်များအားလည်းကောင်း   သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်(၃)ရပ်ကွက်နှင့် မကျေးငူ၊ တောင်ပေါက်၊ ရဟိုင်ကူးတို့ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်​ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်